ပခုက္ကူတက္ကသိုလ် ၂၀၁၉-၂၀၂ဝ ပညာသင်နှစ် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပခုက္ကူခရိုင်အားကစားကွင်း၌ ၂၉-၂-၂၀၂ဝ ရက်နေ့ နံနက် (၇:၀၀) နာရီအချိန်တွင် အမျိုးသမီး အသင်းဗိုလ်လုပွဲကို ပထဝီဝင်အသင်းနှင့် အဂင်္လိပ်စာအသင်းတို့ ယှဉ်ပြိုင်ကြရာ တဖက်(၁) ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ပထဝီဝင်ဘာသာရပ်အသင်းက အဂင်္လိပ်စာ ဘာသာရပ်အသင်းကို (၅) ဂိုး (၄) ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲ၍ ပါမောက္ခချုပ် တံခွန်စိုက်ဖလားကို ဆွတ်ခူးရရှိ သွားပါသည်။
အမျိုးသားအသင်းဗိုလ်လုပွဲကို ပခုက္ကူခရိုင်အားကစားကွင်း၌ ၁-၃-၂၀၂ဝ ရက်နေ့ နံနက် (၇:၀၀) နာရီအချိန်တွင် ရုက္ခဗေဒအသင်းနှင့် ဘူမိဗေဒအသင်းတို့ ယှဉ်ပြိုင်ကြရာ ဘူမိဗေဒ ဘာသာရပ် အသင်းမှ ရုက္ခဗေဒဘာသာရပ်အသင်းကို (၂:၁) ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲ၍ ပါမောက္ခချုပ် တံခွန်စိုက်ဖလားကို ဆွတ်ခူးရရှိသွားပါသည်။