၂၀၁၉-၂၀၂ဝ ပညာသင်နှစ် ပခုက္ကူတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ရေသဘင်ပွဲတော် အခမ်းအနား ကို (၄-၃-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ပခုက္ကူတက္ကသိုလ်၊ ပင်မဆောင်ရှေ့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ သက်လွင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် ရေသဘင်ပွဲတော် ကျင်းပပုံနှင့် ပတ်သက်၍ ရေသဘင်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကိုယ်စား ပခုက္ကူတက္ကသိုလ် ကျောင်းသား များသမဂ္ဂ (ဗ.က.သများ အဖွဲ့ချုပ်) ယာယီ ဥက္ကဋ္ဌ ဆလိုင်းလောရှိန်းကီးက ရှင်းလင်းတင်ပြခဲ့ပါ သည်။ ၎င်းနောက် ရေသဘင်ပွဲတော်အတွင်း လိုက်နာရမည့် စည်းကမ်းများနှင့် ပတ်သက်၍ ရေသဘင်ပွဲတော် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင်း (ပါမောက္ခ(ဌာနမှူး)၊ သခင်္ျာဌာန)က ရှင်းလင်းပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ပခုက္ကူတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ရေသဘင်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပခဲ့ပါသည်။