Ministry of Education

ပါမောက္ခချုပ်

ပါမောက္ခချုပ်၏အမှာစကား

ပခုက္ကူတက္ကသိုလ်သည် မြန်မာနိုင်ငံတွင် ဧရာအနောက်မြို့တော်ဟုခေါ်သော ပခုက္ကူမြို့၏ မြောက်ဘက်တွင်တည်ရှိပြီး တိုးတက်ပြောင်းလဲလျှက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ ဧရာဝတီမြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည်။ ပုဂံမြို့မှ ၃၇.၂ ကီလို မီတာ အကွာတွင်ရှိသည်။

နိုင်ငံတော်က အရည်အသွေးကောင်းမွန်သည့် ပညာရေးကို ရင်းနှီးမြှုပ်နှံထားလျှက် ပခုက္ကူမြို့ အနီးပတ်ဝန်းကျင်ရှိ မြို့နယ်(၁၀)ခု လာရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူ များ ကို ဘဝရှင်သန်ရပ်တည်နိုင်မည့် ကျွမ်းကျင်မှု အတတ်ပညာများအား ပြန်လည်အသုံးချနိုင်စေမည့် အခွင့်အလမ်းများကိုလည်း ထောက်ပံ့လျက်ရှိပါသည်။ ပခုက္ကူမြို့၊ ရေစကြိုမြို့၊ မြိုင်မြို့၊ ပေါက်မြို့၊ ဂန့်ဂေါမြို့၊ ဆောမြို့၊ ထီးလင်းမြို့၊ မင်းတပ်မြို့၊ မတူပီမြို့နှင့် ကန်ပက်လက်မြို့ အစရှိသည့် မြို့နယ်အသီးသီးမှ ကျောင်းသား/ သူပေါင်း ၁၀၅၄၂ ကျော်သည် သူတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများကို မျှဝေလျှက် ဤတက္ကသိုလ်တွင် နှစ်စဉ်ပညာသင်ကြားလျက်ရှိသည်။

“ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင် အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်’’  ဟူသော ပညာရေး မျှော်မှန်းချက်နှင့်အညီ ကျောင်းသား/ သူများအတွက် မှန်ကန်သော လူမှုပတ်ဝန်းကျင်ကို ဤတက္ကသိုလ်ကြီးနှင့် တက္ကသိုလ်ကျောင်းသားဘဝက ဖန်တီးပေးနိုင်မည်ဟု ယုံကြည်မိပါသည်။