Ministry of Education

နောက်ခံသမိုင်းကြောင်း

ပခုက္ကူတက္ကသိုလ်ကို ၁၉၇၇ ခုနှစ်၊ မေလ (၂၃)ရက်နေ့တွင် ပထမဦးစွာ၊ ပခုက္ကူဒေသ ကောလိပ် အဖြစ် ယခု ပခုက္ကူ အထက(၂)နေရာတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အထက(၂) နေရာမှ ယခုလက်ရှိ နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။

     ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ (၁)ရက်နေ့မှစ၍ ပညာရေးဝန်ကြီး ဌာနက လွှဲပြောင်းတာဝန်ယူခဲ့ပြီး၊ ၁၉၈၁ ခု၊ နိုဝင်ဘာလ (၃၀)ရက်မှစ၍ ပခုက္ကူဒေသကောလိပ်ကို ပခုက္ကူကောလိပ်(၂-နှစ်သင်)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ပခုက္ကူကောလိပ် ကို ၁၉၉၉ ခု၊ ဇူလိုင်လ (၇)ရက်နေ့မှစ၍ ပခုက္ကူဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

     ပခုက္ကူဒီဂရီကောလိပ်ကို ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်မှစ၍ ပခုက္ကူတက္ကသိုလ် အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

     ပခုက္ကူတက္ကသိုလ်သည် မြိုင်လမ်း၏ လက်ယာဘက်၊ မြို့၏မြောက်ဘက်စွန်းတွင် တည်ရှိပါသည်။ ပခုက္ကူတက္ကသိုလ်၏ မူလမြေအကျယ်အဝန်းမှာ (၅၃.၅၉) ဧကရှိပြီး၊ အာဏာပိုင် အဖွဲ့အစည်းများ၏ ပံ့ပိုးမှုနှင့် မြေပိုင်ရှင်များ၏ မြေလှူဒါန်းမှုများကြောင့် ယခုလက်ရှိ မြေဧရိယာ အကျယ်အဝန်းမှာ (၂၄၅.၃၂) ဧက ရှိလာပါသည်။