ပခုက္ကူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၈-၂-၂၀၂၀)ရက်နေ့တွင် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့် မော်တော်ဆိုင်ကယ်စီး လိုင်စင်ပြုလုပ်ဆောင်ရွက်ပေးခြင်း” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
၎င်းနောက် ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်း က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာ ကိစ္စရပ်များအား အသိပညာပေးဟောပြောခဲ့ပြီး ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစောထွန်းဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်မြက အာမခံလုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။
ဆက်လက်၍ ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော် ဆိုင်ကယ်စီးလိုင်စင်များကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။