Ministry of Education

မျှော်မှန်းချက် နှင့် လုပ်ငန်းတာဝန်

မျှော်မှန်းချက်

ပခုက္ကူဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်။

လုပ်ငန်းတာဝန်

၁။      ခေတ်နှင့်အညီပေါ်ထွန်းလာမည့် ပညာရပ်များကို အချိန်နှင့်တပြေးညီ သင်ကြားပို့ချပြီး အမြဲရှင်သန်နေသော အသိဉာဏ်၊ အမြော်အမြင်တို့ဖြင့်ပြည့်စုံသည့် ပညာရပ်ဝန်းကျင်ကောင်း ဖန်တီးပေးရန်။

၂။       ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသန လုပ်ငန်းများအဖြစ် ဆောင်ရွက်ရာတွင် ပြည်တွင်း/ပြည်ပတက္ကသိုလ်များ၊ အဖွဲ့အစည်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်။

၃။      ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ရေးအတွက် ပညာရေးနှင့်အားကစား ပေါင်းစပ်ပြီး လေ့ကျင့်သင်ကြားပေးရန်။ အကျင့်စာရိတ္တ ကောင်းမွန်ရေးအတွက် ဘာသာတရား နှင့် အသိပညာများ ဟောပြောပို့ချပေးရန်။