(၁) “မိမိကစ ကာကွယ်ပါ” အသိပညာပေးစာစောင်ကို (၄ ပေ x ၃ ပေ) Vinyl ဆိုင်းပုဒ်များ ပြုလုပ်၍ ပခုက္ကူတက္ကသိုလ် ဂိတ်(၁)အဝင်မှစ၍ စာသင်ဇုံ (၇)နေရာတွင် စိုက်ထူထားရှိခြင်း
(၂) ပခုက္ကူခရိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ပခုက္ကူတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမတွင် “Corona virus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲအခမ်းအနား” သို့လာရောက်ဟောပြောခြင်း
(၃) “အဆုတ်ရောင်ရောဂါ (2019 -nCoV) ကာကွယ်ပါ…” အသိပညာပေး လက်ကမ်းစာစောင်ကို ရွက်ရေ (၅၀၀၀)ကူး၍ ဖြန့်ဝေအသိပညာပေး ဆောင်ရွက်ခြင်း
(၄) ပခုက္ကူတက္ကသိုလ် ဆေးခန်းတာဝန်ကျ အထက်တန်းသူနာပြုနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး စာသင်ဆောင်များ၊ ကျောင်းတွင်းဆောင်များ၊ ဆရာဆရာမအိမ်ယာများ၊ ဝန်ထမ်းအိမ်ယာများ၊ သင်ကြား/စီမံရုံးဌာနများရှိ အများမြင်သာသော နေရာများတွင် အသိပညာ ပေးစာစောင်များကို ကပ်၍ ကြေညာထားရှိခြင်း
(၅) ပခုက္ကူတက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးသန့်စင်ခန်းများ၊ လက်ဆေးကန်များတွင် လက်ဆေးရန် (ကာပေါ်လစ်ဆပ်ပြာခဲနှင့် ဆပ်ပြာခွက်များ) ထားရှိ ဆောင်ရွက်ထားခြင်း
(၆) စာမေးပွဲဖြေဆိုရမည့် စာဖြေခန်းများ (၁၇၈)ခန်းတွင် “COVID-19 ကာကွယ်ဖို့ လက်ဆေးကြစို့” စာစောင်ကို ထားရှိပြီး၊ စာဖြေခန်းအဝင်၌ Hand Gel အသုံးပြု၍ ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားရှိခြင်း
(၇) စာမေးပွဲဖြေဆိုနေစဉ်အတွင်း နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းနှင့် ကိုယ်အပူချိန်မြင့်မားခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် တက္ကသိုလ်ဆေးပေးခန်းနှင့် စာမေးပွဲဇုံအတွင်းတွင် သီးသန့်စာဖြေခန်း ဆောင်ရွက်ထားရှိခြင်း
(၈) ပခုက္ကူပြည်သူ့ဆေးရုံကြီးတွင်လည်း သီးသန့်စာဖြေခန်းဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်
ချိတ်ဆက်ဆောင်ရွက်ထားရှိခြင်း
(၉) Surgical Mask များကို စာမေးပွဲခန်းများသို့ လိုက်လံဝေငှခြင်း
(၁၀) COVID-19 ကာကွယ်ရန်အတွက် စာဖြေခန်းအတွင်းအပြင်နှင့် ဆေးရုံခန်းများသို့ ပိုးသတ်ဆေးများလိုက်လံဖြန်းပက်ခြင်း